• Manami Roy Gupta

Training of Seed Farms for Seed Business and Seed Operations

Updated: May 22, 2019

5-8 June 2018


ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မျိုးသန့်ခြံ (၅) ခြံ၏ မျိုးစေ့စီးပွားရေးနှင့် မျိုးစေ့ထုတ်လုပ်မှုအတွက် သင်တန်းကို CDIနှင့် Mukushi Seeds မှ Lavinia Plataroti နှင့် John MacRobert တို့မှ ဦးဆောင်ပြီး သင်တန်းပေးခဲ့ကြသည်။


The CDI and Mukushi Seeds (Stakeholders in the Project) arranged a training for the 5 seed farms in the Ayeyarwady region on Seed Business and seed related operations. Lavinia Plataroti and John MacRobert led the training.




The current training


Assessments and workshops

In January 2018 the RSSD project implemented a seed farm assessment. In a workshop in March of this year, seed farm staff worked on a first seed farm investment plan, including a seed vision, a market forecast, a production plan, an investment plan and an assessment of capacity needs for their own farm. The current training built upon the results of the first workshop and zoomed in on the operational aspects of seed farm management. A next training in September/October will focus on marketing aspects.

အကဲဖြတ်မှုများနှင့် အလုပ်ရုံ ဆွေးနွေးပွဲများ

2018 ဇန်န၀ါရီလတွင် RSSD စီမံကိန်းကို မျိုးသန့်ခြံများတွင် အကဲဖြတ်မှုလုပ်ငန်းစဉ်များကို လုပ်ဆောင်ခဲ့ ပါသည်။ ယခုနှစ် မတ်လပိုင်းတွင် ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲများတွင် မျိုးသန့်ခြံ ၀န်ထမ်းများမှ မျိုးသန့်ခြံတွင် ရင်းနှီးမြှပ်နှံမှု အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြသည်။ ထိုအစီအစဉ်တွင် မျိုးသန့် လုပ်ငန်း၏ မျှော်မှန်းချက်များ၊ ဈေးနှုန်း ခန့်မှန်းချက်များ၊ ထုတ်လုပ်မှု အစီအစဉ်များ၊ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အစီအစဉ်များနှင့် မျိုးသန့်ခြံ တစ်ခုချင်းစီ၏ လုပ်ဆောင်နိုင်စွမ်း လိုအပ်မှု အကဲဖြတ်ခြင်းများ ကို ပြုလုပ်ခဲ့ကြပါသည်။ ယခုပြုလုပ်သော သင်တန်းကို ပထမဆုံး ပြုလုပ်ခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိသော ရလဒ်များကိုအခြေခံထားပါသည်။


Training objective

The current training has the following objective: to improve quality seed production and processing practices and systems and costs structures of seed farms in the Ayeyarwady Delta.

သင်တန်းပေးရခြင်း၏ ရည်ရွယ်ချက်

သင်တန်းကို အောက်ပါရည်ရွယ်ချက်များဖြင့် ပြုလုပ်နေပါသည်။

- မျိုးစေ့ထုတ်လုပ်ခြင်း ၌ အရည်အသွေး ပိုမို ကောင်းမွန်သော မျိုးစေ့များကို ထုတ်လုပ်လာစေရန်နှင့် မျိုးစေ့ထုတ်လုပ်မှု အလေ့အကျင့်များ ပိုမို တိုးတက်လာစေရန်

- ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများရှိ မျိုးသန့်ခြံများ၏ နည်းစနစ်နှင့် ငွေကြေးကိုင်တွယ်မှု ပုံစံများကို ပိုမိုစနစ်ကျလာစေရန်


Target audience

The target audience were seed farm managers (or their deputies), seed production officers and warehouse managers. A total of 15 professionals participated in the training.

ရည်ရွယ်သော အုပ်စုများ

အဓိက ရည်ရွယ်သူများမှာ မျိုးစေ့ခြံ အုပ်ချုပ်သူ တာဝန်ခံများ၊ မျိုးစေ့ထုတ် တာဝန်ခံအရာရှိများနှင့် သိုလှောင်ရုံ တာဝန်ရှိသူများ ဖြစ်ပါသည်။ ပညာရှင်များ စုစုပေါင်း ၁၅ ဦးခန့် တတ်ရောက်ကြပါသည်။


Training approach

The training built upon the realities of the seed sector in Myanmar, using the former seed farm assessments and workshop results as a basis. The training was interactive and experience based using a variety of formats including lectures, group discussions and group assignments. Ample room was given to individual and collective reflections.

သင်တန်းလုပ်ဆောင်မှု ပုံစံ

မြန်မာနိုင်ငံအတွင်းရှိ မျိုးစေ့ ကဏ္ဍကို အခြေခံ၍ မျိုးသန့်ခြံများမှ ရရှိသော အကဲဖြတ်မှု အချက်အလက်များနှင့် အလုပ်ရုံ ဆွေးနွေးပွဲများမှ ရရှိလာသော ရလဒ်များကို အသုံးပြုကာ သင်တန်းကို ပုံဖော်ထားသည်။ သင်တန်းတွင် ပို့ချချက်များ၊ အဖွဲ့လိုက် ဆွေးနွေးချက်များနှင့် အဖွဲ့လိုက် လုပ်ဆောင်ချက်များကို အသုံးပြုခဲ့သည်။ သင်တန်း သည် အချင်းချင်း အပြန်အလှန်ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ပြီး အတွေ့အကြုံကို အခြေခံ၍ ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းကို တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့လိုက်ဆွေးနွေးမှုကို သော်လည်း ကောင်း ပြုလုပ်နိုင်သည့် လုံလောက်သော အကျယ်အ၀န်းရှိသည့် အခန်းတွင် ပြုလုပ်ခဲ့ပါသည်။


Trainers

The main trainer was Dr. John MacRobert, an experienced internationally recognized seed business development expert of Mukushi Seeds; he was supported by Lavinia Plataroti of Wageningen Centre for Development Innovation and staff members of the RSSD project.

သင်တန်းဆရာများ

အဓိက သင်တန်းဆရာများမှာ နိုင်ငံတကာ အတွေ့အကြုံများ ရှိသည့် Mukushi မျိုးစေ့ထုတ်လုပ်ငန်း၏ မျိုးစေ့ထုတ်ခြင်း စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ပညာရှင် Dr. John MacRobert ဖြစ်ပါတယ်။ သူ၏ သင်တန်းပို့ချမှုကို Wageningen တက္ကသိုလ်ရှိ ဖွံ့ဖြိုးမှုနှင့် တီထွင်မှု ဌာနမှ Lavinia Platarotiနှင့် RSSD စီမံကိန်း အဖွဲ့ဝင်များမှ ကူညီသွားတာ ဖြစ်ပါတယ်။






15 views0 comments