Get Ready: RSSD prepares to open the EGS Demand Forecasting Application
Updated: Jan 15, 2019
အသင့်ပြင်ထားရန် - RSSD မှ EGS ဝယ်လိုအား ကြိုတင်ခန့်မှန်းသည့် အပလီကေးရှင်းကို
အသုံးပြုနိုင်တော့မည်
At last, the wait is going to be over! RSSD will be launching the EGS Demand Forecasting application for the Rice Seed sector in Ayeyarwady region. This application has many facets, but the most useful of these is the Demand and Supply app.
နောက်ဆုံးတော့ စောင့်မျှော်ရကျိုးနပ်ပါတော့မယ်။

This application caters to the CS Growers and the Rice farmers who can order seeds, sell seeds and also manage their sales inventory. This is a secure application which starts with the Registration of the Seed Growers (Private, Companies and NGOs) by the Township DOA and they get an ID card with a QR code. This is to enable the DOA to monitor the Quality Seed producers in the region and to avoid any un-registered seed grower to order RS from the Regional DOA.
CS စိုက်တောင်သူနှင့် လယ်သမားများမှ မျိုးစေ့မှာယူနိုင်၊ ရောင်းချနိုင်သည့်အပြင် မိမိတို့၏ အရောင်းစာရင်းကိုလည်း စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ ဤအပလီကေးရှင်း သည် လုံခြုံစိတ်ချရသည့် အပလီကေးရှင်းဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစိုက်တောင်သူများ (ပုဂ္ဂလိက၊ ကုမ္ပဏီများနှင့် အန်ဂျီအိုများ)ကို မှတ်ပုံတင် မည်ဖြစ်ပြီး ထိုမျိုးစိုက်သူတို့အနေဖြင့် QR ကုဒ်ပါဝင်သည့် ID ကဒ်တစ်ခုစီ ရရှိမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် စိုက်ပျိုးရေးဦးစီးဌာနသည် ဒေသတွင်း အရည်အသွေးမှီ စပါးမျိုးစေ့ ထုတ်လုပ်သူများကို သိရှိနိုင်ပြီး မှတ်ပုံတင်ထားခြင်းမရှိသေးသော မျိုးစိုက်တောင်သူများ တိုင်းစိုက်ပျိုးရေးဦးစီးဌာနထံမှ RS မှာယူခြင်းကို ရှောင်ရှားနိုင်မည်ဖြစ်သည်။


For the farmers who want to order CS, a step by step voice instructions have been designed to assist them to order CS in the simplest possible way. The app has a CS seed sellers database with contact details, where the rice farmer can easily and directly call the seller and buy the seeds….all this from a single app. The most techy thing about this part is that the app detects the farmers GPS location and shows the list of the "nearest" sellers only.
CS မှာယူလိုသော တောင်သူသည် အသံညွှန်ကြားမှုများဖြင့် တဆင့်ပြီးတဆင့် CS ကို မှာယူနိုင် မည်ဖြစ်သည်။ အပလီကေးရှင်းတွင် CS မျိုးရောင်းချသူများ၏ အချက်အလက်များကို ဆက်သွယ်ရမည့်လိပ်စာအသေးစိတ်ဖြင့် ဖော်ပြထားသည့်အတွက် တောင်သူလယ်သမားများအနေဖြင့် ဤရိုးရှင်းသည့် အပလီကေးရှင်းမှတဆင့် ရောင်းချသူကို တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ခြင်း၊ မျိုးစေ့ရောင်းချခြင်းများကို ပြုလုပ်နိုင်ပေလိမ့်မည်။ အပလီကေးရှင်းသည် တောင်သူများရှိနေသည့် GPS တည်နေရာကို သိရှိနိုင်ပြီး အပလီကေးရှင်းမှလည်း အနီးဆုံး ရောင်းချသူများစာရင်းကို ပြသပေးနေမည်ဖြစ်သည်။

The back end of the application also has a seed data management for the seed farms who can manage inventories with this system and thereby create the database for the RS availability. This web based tool can also generate reports that is sought by the Seed Division or the Regional DOA about the seed farm activities.
အပလီကေးရှင်း၏ နောက်အပိုင်းတစ်ခုအနေဖြင့် မျိုးသန့်ခြံများမှ မိမိတို့၏မျိုးသန့်ခြံ စာရင်းကို ဤစနစ်ဖြင့် စီမံခန့်ခွဲနိုင်ပြီး ထိုမှတဆင့် RS ရရှိနိုင်မည့် အချက်အလက်သိမ်းဆည်းချက်တစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။ ဤအင်တာနက်အခြေခံသော အပလီကေးရှင်းသည် မျိုးစေ့ဌာန သို့မဟုတ် တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ရှာနေသည့် မိမိတို့၏ မျိုးသန့်ခြံ လုပ်ဆောင်မှုများနှင့်ပတ်သက်သော အစီရင်ခံစာများကိုလည်း ထုတ်ပြန်ပေးနိုင်သည်။

This database is accessed by the Regional DOA and Seed Division to decide the allocation of RS to different seed growers based on the demand sent by the seed growers registered by the Township DOA (Private, Companies and NGOs). The demand information is automatically updated in the system, via the mobile phones of the seed growers who places an online demand for Registered Seeds (RS).
ထိုအချက်အလက်သိမ်းဆည်းချက်အား တိုင်းစိုက်ပျိုးရေးဦးစီးဌာနနှင့် မျိုးစေ့ဌာနတို့မှ ဝင်ရောက်အသုံးပြုပြီးလျှင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော မျိုးစိုက်သူ (ပုဂ္ဂလိက၊ ကုမ္ပဏီများနှင့် အန်ဂျီအိုများ)မှ ပေးပို့ထားသော ဝယ်လိုအားကို အခြေခံပြီး RS ခွဲဝေမှုကို ဆုံးဖြတ်ကြမည်ဖြစ်သည်။ အွန်လိုင်းပေါ်တွင် RS ဝယ်လိုအား တင်ထားသော မျိုးစိုက်တောင်သူများ၏ မိုဘိုင်းဖုန်းများမှ တဆင့် ဝယ်လိုအား သတင်းအချက်အလက်များသည် အလိုအလျှောက် update ဖြစ်နေလိမ့်မည်ဖြစ်သည်။

This application will be launched online in mid January 2019
အပလီကေးရှင်းအား ၂၀၁၉ ဇန်နဝါရီလ အလယ်တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်သည်။
60 views0 comments